အမေရိကန်သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်း ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် မေလ ၁၃ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိမှာဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီနောက် ကာတာ နိုင်ငံကို ဆက်သွားမှာဖြစ်ပြီး မေလ ၁၆ ရက်မှာတော့ အာရပ်စော်ဘွားများပြည်ထောင်စုကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စွမ်းအင်ကြွယ်ဝတဲ့ ပင်လယ်ကွေ့အာရပ်နိုင်ငံသုံးနိုင်ငံကို သမ္မတထရမ့်က သွားရောက်လည်ပတ်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ပွင့်လင်းမြင်သာတဲ့ အကျိုးအမြတ်တွေ ရရှိနိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်း တာဝန်ထမ်းဆောင်ကတည်းက အမေရိကန်နဲ့ ပင်လယ်ကွေ့ ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ လုံခြုံရေးနဲ့ စီးပွားရေး လုပ်ဖော် ကိုင်ဖက်တွေအဖြစ် ရပ်တည်ချက်တွေ ပိုမိုခိုင်မာအောင် ဆောင်ရွက်ပြီး တတ်နိုင်သမျှ အကျိုးကျေးဇူးတွေ ရရှိရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ထုတ်ပြန်ထားပါတယ်။

လေ့လာသူတွေရဲ့ပြောကြားချက်အရ ဒါဟာ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေမယ့် အချိန်ဖြစ်ပြီး “ကမ္ဘာ့အာဏာအရှိဆုံးနိုင်ငံနဲ့ ပင်လယ်ကွေ့အာရပ်သုံးနိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိမှာ ဖြစ်တယ်လို့ အဘူဒါဘီရှိ Emirates Policy Center တည်ထောင်သူက ပြောကြားထားပါတယ်။