အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး စစ်ရေးပြချီတက်ပွဲကို ဇွန်လ ၁၄ ရက်က မြိုတော် ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်နေ့နဲ့ တိုက်ဆိုင်နေတဲ့ ထရမ့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ အခုလို ကြီးမားတဲ့ စစ်ရေးပြပွဲ ပြုလုပ်ခဲ့တာပါ။ထရမ့်က အမေရိကန်ဟာ အမိုက်ဆုံး နိုင်ငံဖြစ်ပြီး မကြာခင်မှာ အရင်ကထက် ပိုအားကောင်းလာမယ်လို ဒီချီတက်ပွဲအတွင်းပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ကြွေးကြော်ခဲ့ပါတယ်။ဒီစစ်ရေးပြပွဲမှာ အမေရိကန်တပ်သား ၇၀၀၀ နီးပါး ပါဝင်ခဲ့ပြီး တင့်ကားတွေ၊ စစ်သုံးယာဉ်တွေကို မြင်တွေ့ရသလို မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်ခဲ့ပါတယ်။

စစ်ရေးပြပွဲအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ ၄၅ သန်းကြားရှိပြီး ထရမ့်ကို ဆန့်ကျင်သူတွေကတော့ ဒါဟာ ဘတ်ဂျက်ကို ဖြုန်းတီးတာလို ဝေဖန်ထားပါတယ်။တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ ပြည်နယ် ၅၀ လုံးမှာရှိတဲ့ မြိုပေါင်း ရာနဲ့ချီမှာ သမ္မတထရမ့်ကို ဆန့်ကျင်တဲ့ ‘အမေရိကမှာ ဘုရင် မရှိ’ ဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေပါတယ်။