ဖက်ဒရယ်မြေတွေကို စီမံခန့်ခွဲခြင်းကနေ စစ်မှုထမ်းဟောင်းတွေကို ပြုစုစောင့်ရှောက်တဲ့ အလုပ်သမား ၉၅၀၀ ကျော်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလုပ်ထုတ်ခဲ့ကြောင်း ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထထရမ့် နဲ့ သူ့အကြံပေး အီလွန်မတ်တို့ ပူးပေါင်းပြီး အမေရိကန် ဗျူရိုကရေစီကို ပြင်းပြင်းထန်ထန် ဖြတ်တောက်ခဲ့တဲ့ လှူပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။သမ္မတထရမ့် ချမှတ်နေတဲ့ အမှုဆောင်အမိန့်တွေထဲမှာ သတ်မှတ်ထားတဲ့ကာလစာချုပ်တွေမှာ အလုပ်သမားရေးရာလျှော့ချမှုတွေလည်း များစွာပါဝင်နေတာဖြစ်ပါတယ်။

အမေရိကန်သမ္မတဟာ လွတ်လပ်တဲ့ စောင့်ကြည့်ရေးဌာနဖြစ်တဲ့ စားသုံးသူဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်ပေးရေးဗျူရိုကဲ့သို့ အေဂျင်စီတစ်ချို့ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ဒါ့အပြင် လာမယ့်သီတင်းပတ်အတွင်းမှာလည်း အခွန်ကောက်ခံတဲ့ ပြည်တွင်းအခွန်များဝန်ဆောင်မှုဌာနတွေရှိ ဝန်ထမ်းထောင်ချီကို အလုပ် ကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ ထရမ့်ကပြောကြားထားပါတယ်။