ရုရှားအစိုးရအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည် ဖော်လိုစိတ် ရှိ၊မရှိ ဆိုတာကို မကြာခင် သိရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဧပြီလ ၄ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် မြို့တော် နေတိုးဌာနချူပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာကို CNBC သတင်းမှာ ဖော်ပြလာ ပါတယ်။

ယူကရိန်းမှာ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး လုပ်ဖို့ဆိုတဲ့ ပြတ်သားတဲ့ သဘောထား ရပ်တည်ချက်ကို အမေရိကန် အစိုးရက ကိုင်စွဲထားတယ်ဆိုတာကို ရုရှားအနေနဲ့ ကောင်းကောင်းသဘောပေါက် ထားတယ်လို့ ရူဘီယိုက ပြောပါတယ်။ ရုရှားအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အလေးအနက်ထားမလား ဒါမှမဟုတ် အချိန်ဆွဲပြီး ကစား နေမှာလားဆိုတာ မကြာခင် လူတိုင်းသိလာရမယ်လို့ ဆိုပါတယ်။

နှောင့်နှေးတဲ့ နည်းဗျူဟာတွေသုံးပြီး အဆုံးအစမရှိတဲ့ စေ့စပ်ညှိနှိုင်းရေးတွေလုပ်ဖို့ကို အမေရိကန် သမ္မတက စိတ်မဝင်စားဘူးလို့လည်း ရူဘီယိုက ပြောပါတယ်။ ရုရှားအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်ဖို့ အလိုမရှိဘူး ဆိုရင်တော့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်ပြီး ရှေ့ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ လည်း မာကို ရူဘီယိုက ပြောသွားခဲ့ပါတယ်။