အမေရိ ကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက် မူကြမ်းကို ဇွန်လ ၄ ရက်က ဗီတိုအာဏာသုံးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေအကြား စစ်ပွဲဒဏ်ခံနေရတဲ့ နယ်မြေတစ်လျှောက် အဟန့်အတားမရှိတဲ့ အကူအညီတွေ ပေးပို့ရေးနဲ့ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာ သုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက နှစ်လကြာ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် အစ္စရေးက ဂါဇာမှာ ဆက်တိုက် ထိုးစစ်ဆင်လာပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အခုလို အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေး တိုးချဲ့မှုတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တရားမျှတမှုမရှိ၊ အချိုးအစားမညီဘဲ တားမြစ်ပိတ်ပင်မှုတွေကို ဗြိတိန်အခြေစိုက် ကုလသမဂ္ဂ သံအမတ်ကြီးက ဝေဖန်ပြောဆိုထားပါတယ်။