မေလ ၄ ရက် ညပိုင်းက ကွန်ဂရက်စ်လွှတ်တော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားခဲ့ ကြောင်း CNN သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မိန့်ခွန်းထဲမှာ အမေရိကန်စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး မူဝါဒအကြောင်းတွေကို အလေးပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဝန်ထမ်းအင်အားလျှော့ချတာ၊ ယူကရိန်း သမ္မတနဲ့ စကားအချေအတင်ဖြစ်ခဲ့တာတွေနဲ့ ကုန်သွယ်ခွန်တိုးကောက်တဲ့ကိစ္စတွေ ထည့်သွင်း ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ဖက်ဒရယ်အစိုးရ ဖျက်သိမ်းရေး၊ အမေရိကန် မဟာမိတ်တွေအကြား တင်းမာမှုတွေ၊ စီးပွားရေး မသေချာ မရေရာမှုတွေကိုလည်း ပြောကြားခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းက ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့အပေါ် တင်းမာမှုဖြစ်စေခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည်ပြုပြင်သုံးသပ်ပြီး နိုင်ငံစီးပွားရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်တာတွေ အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထရမ့် က ကတိကဝတ် ပြု ပြောကြားခဲ့ပါတယ်။

ထရမ့်ဆောင်ပုဒ်က အမေရိကန်သာပထမဦးစားပေးဖြစ်ပြီး “ အမေရိကန်အိပ်မက်ကို ပြန်လည်ဆန်းသစ်ခြင်း” အပြင် ပြည်သူတွေအတွက် ငွေကြေးပိုမိုထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ရေးအတွက် ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ One big beautiful bill လို့ သူခေါ်တဲ့ အမေရိကန်ပြည်တွင်း မူဝါဒနဲ့ ပတ်သက်တဲ့ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးဖို့လည်း စိတ်အားထက်သန်နေတာကို တွေ့ရပါတယ်။