ထရမ့်အစိုးရအဖွဲ့က ကုန်သွယ်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ အရှိန်မြှင့်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေစတင်နေပြီဖြစ်ကြောင်း Reuters သတင်းမှာပါရှိပါတယ်။

မိတ်ဖက်နိုင်ငံတွေနဲ့ ဇွန်လ ၄ ရက်နေ့မှာ ဆွေးနွေးပွဲတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး ထရမ့်အစိုးကအဖွဲ့ကဆွေးနွေးပွဲအတွင်းကုန်သွယ်ရေးညှိနှိုင်းမှုတွေအတွက်အကောင်းဆုံးကမ်းလှမ်းမှုတွေပေးစွမ်းနိုင်မယ်လို့မျှော်မှန်းထားပါတယ်။ဆွေးနွေးပွဲအတွင်း အမေရိကန်စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဝယ်ယူဖို့ အကောက်ခွန်နဲ့ ခွဲတမ်းကမ်းလှမ်းမှုတွေအပါအဝင် အဓိကနယ်ပယ်အများအပြားမှာ အကောင်းဆုံးအဆိုပြုချက်တွေကို စာရင်းပြုစုဖို့နဲ့ အကောက်ခွန်မဲ့အတားအဆီးတွေကို ကုစားဖို့ အစီအစဉ်တွေပါဝင်ပါတယ်။

ဒါ့အပြင် ဥရောပသွင်းကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမှုကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်းသွားမှာဖြစ်ကြောင်း ထရမ့်ကပြောကြားထားပါတယ်။ ကုန်သွယ်ရေးအဆင့်မြင့် အရာရှိတစ်ဦးက ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး “ အဓိကကုန်သွယ်ဖက်များစွာနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အရှိန်အဟုန်မြင့် ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။