ကမ္ဘာကျော် အမေရိကန် ဂီတပညာရှင် တစ်ယောက်ဖြစ်တဲ့ Sly Stone ဟာ ဇွန်လ ၉ ရက်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ The Guardian သတင်းမှာ ရေးသားထားပါတယ်။ Sly Stone လို့လူသိများတဲ့ Sylvester Stewart ဟာ ကွယ္လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်ပါတယ်။ပြောင်မြောက်လှတဲ့ သီချင်းရေးစပ်မှုတွေ၊ စွဲမက်ဖွယ်ကောင်းလှတဲ့ သီဆိုဟန်တွေနဲ့ အကအလှတွေကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Sly Stone ဟာ သာမန်လူကြီးရောဂါနဲ့ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အမေရိကန်ဂီတလောကကို အချိန်အတော်အကြာ လွှမ်းမိုးထားနိုင်တဲ့ Sly Stone ကွယ်လွန်သွားတဲ့အတွက် ကမ္ဘာအနှံ့က ပရိသတ်များစွာကလည်း ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။Sly Stone ဟာ တက်ကြွတဲ့ဂီတသံစဉ်တွေ ပေါင်းစပ်ဖန်တီးကာ မြူးကြွတဲ့ ရော့ခ်တေးသီချင်းပေါင်း များစွာနဲ့ ပရိသတ်တွေကြားမှာ အချိန်အတော်အကြာ နေရာယူလွှမ်းမိုးထားနိုင်သူ ဖြစ်ပါတယ်။

Sly Stone ရဲ့ Everyday People ၊ Thank You ၊ Family Affair ၊ Dance to the Music၊ I Want to Take You Higher To Take You To The Higher ၊ Hot Fun in the Summertime နဲ့ more တေးသီချင်းတွေက ပရိသတ် တွေအပေါ် အချိန်အတော်အကြာ ဖမ်းစားညှို့ယူထားနိုင်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။Sylvester Stewart ကို ၁၉၄၃ ခုနှစ် တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့တာပါ။ ဒါပေမဲ့ သူဟာ ဆန်ဖရန်စ္စကိုမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ ပထဆုံး တစ်ကိုယ်တော်စီးရီးခွေကို ဖြန့်ချိနိုင်ခဲ့သူ ဖြစ်ပါတယ်။