အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးထွားလာစေဖို့အတွက် ရည်ရွယ်ပြီး အမေရိကန်မှာ အနည်းဆုံး ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ တရုတ်တိုင်ပေ တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ရေးကုမ္ပဏီ TSMC က စီစဉ်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ TSMC ကုမ္ပဏီရဲ့ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို သမ္မတထရမ့်က ကုမ္ပဏီ CEO နဲ့အတူ မတ်လ ၃ ရက်နေ့က အိမ်ဖြူတော်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန် ကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့ ထရမ့်က ကြီးမားတဲ့ တွန်းအားပေးမှုနဲ့အတူ အခုလို ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ TSMC ကုမ္ပဏီဟာ ချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး အမေရိကန် ကုမ္ပဏီများစွာအတွက် ချစ်ပ်တွေကို ထုတ်ပေး နေတာပါ။ အမေရိကန်မှာ လိုအပ်နေတဲ့ ချစ်ပ်နဲ့ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတွေကို ထုတ်လုပ်ဖို့ တည်ဆောက်နိုင်ရမယ်လို့လည်း ထရမ့်က ပြောပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုက အရီ ဇိုးနားပြည်နယ်မှာ လုပ်ဆောင်နေတဲ့ အဆင့်မြင့် chipmaking စက်ရုံသုံးရုံ တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း သောင်းနဲ့ချီဖန်တီးပေးနိုင်မယ်လို့လည်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ကြေညာချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ TSMC ကုမ္ပဏီက သေးငယ်တဲ့ ချစ်ပ်ပြားတွေကို ပိုမိုအားကောင်းတဲ့ စနစ်တွေအဖြစ် စုစည်းကာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတစ်ခုဖြစ်တဲ့ အဆင့်မြင့်ထုပ်ပိုးမှုဆိုင်ရာ အဆောက်အအုံနှစ်ခုကိုလည်း တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။