အမေရိကန်နဲ့ သတ္တုတွင်းထွက်ပစ္စည်း သဘောတူညီချက် ရရှိခဲ့တယ်လို့ ယူကရိန်းအရာရှိက ပြောကြားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ရုရှားကျူးကျော်စစ်ကို ကာကွယ်နိုင်အောင် အမေရိကန်ရဲ့ အထောက်အပံ့ တွေအတွက် မြေရှားသတ္တုထုတ်လုပ်ခွင့် အခွင့်အရေးကို အမေရိကန်ကိုပေးဖို့ သဘောတူညီချက် နီးစပ်နေပြီလို့ အမေရိကန်နဲ့ ယူကရိန်းတို့က ပြောကြားလာတာဖြစ်ပါတယ်။

ယူကရိန်းဟာ အမေရိကန်နဲ့ သတ္တုတွင်းထွက် သဘောတူညီချက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို သဘောတူ ညီခဲ့တယ်လို့ ယူကရိန်း အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။ ယူကရိန်း အဆင့်မြင့်အရာရှိတွေ ကလည်း ကောင်းမွန်တဲ့ ပြင်ဆင်ချက် အများအပြားကို ကျွန်တော်တို့ သဘောတူခဲ့ပြီး ဒါဟာ အပြုသဘော ဆောင်တဲ့ ရလဒ်အဖြစ် မြင်ပါတယ် ပြောဆိုခဲ့ကြပါတယ်။

ယူကရိန်းရဲ့ အဓိကသတ္တုတွင်းထွက်ပစ္စည်းတွေဖြစ်တဲ့ ဂရက်ဖိုက်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နဲ့ လီသီယမ်တို့ ကို အမေရိကန်က ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ယူကရိန်းမှာရှိတဲ့ အရေးပါတဲ့ ဓာတ်သတ္တုများဆိုင်ရာ သဘောတူညီချက် မရရှိခဲ့ရင် Starlink အင်တာနက်ဂြိုဟ်တုဝန်ဆောင်မှုကို ခေတ္တပိတ်ထားမယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတွေက ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိနေပါတယ်။ သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူ ညီချက်ကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့ လက်မှတ်ရေးထိုးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။