အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေ ကို အရှေ့အလယ်ပိုင်းကနေ နေရာရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်က တပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်းကနေ တစ်စိတ်တစ်ပိုင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ ပြီး ဒေသတွင်း လုံခြုံရေးအန္တရာယ်မြင့်မားမှုကြောင့် တပ်ဖွဲ့ဝင်တွေကို အခုလို ထွက်ခွာဖို့ ပြောဆိုခဲ့တာဖြစ်တယ် လို့ အမေရိကန်နဲ့ အီရတ် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် ဘာရိန်းနဲ့ ကူဝိတ်တို့က အမေရိကန် တပ်ဖွဲ့ဝင်တွေလည်း အရှေ့အလယ်ပိုင်းကနေ ဆန္ဒအလျောက် ထွက်ခွာခွင့်ကို ခွင့်ပြုထားတယ်လို့လည်း အမေရိကန် အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။

ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေကို ထွက်ခွာဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၁ ရက်မှာ အမိန့်ထုတ်ခဲ့တာပါ။ အီရန်နဲ့ နျူကလီးယား သဘောတူညီချက် ရရှိဖို့ ထရမ့် ကြိုးပမ်းအားထုတ်မှုတွေက လက်ရှိမှာ တိကျသေချာတဲ့ အဖြေမရသေးဘဲ ပိတ်ဆို့ နေပုံပေါ်ပြီး တစ်ဖက်မှာလည်း အစ္စရေးက အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ ပြုလုပ် နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးက ထုတ်ဖော်ပြောကြားထားပါတယ်။