ယီမင်နိုင်ငံထဲက ဟူသီအကြမ်းဖက်သမားတွေကို စစ်ရေးအရ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန်စစ်တပ်ကို အမိန့်ပေးထားတယ်လို့ သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၅ ရက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာကို abc သတင်းမှာ ဖော်ပြထားပါတယ်။

ဂျိုးဘိုင်ဒန်အစိုးရရဲ့ အားနည်းမှုတွေ ကြောင့် အီရန်အားပေးထားတဲ့ ဟူသီတွေဟာ အမေရိကန်လေယာဥ်တင်သင်္ဘောအပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် တွေနဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေခဲ့တဲ့အတွက် နိုင်ငံတကာကုန်သွယ်စီးပွားရေးမှာ ဒေါ်လာ ဘီလျံချီ ပြီး ဆုံးရှုံးနစ်နာခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

အီရန်အားပေး ဟူသီတွေအနေနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံက သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ချက်ခြင်းရပ်ဖို့နဲ့ ဆက်လုပ်နေမယ်ဆိုရင် ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း ဒေါ်နယ်ထရမ့်က ရေးသားထားပါတယ်။