အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်ခ်တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၆ ရက်က ပထမဆုံး ဝန်ကြီးအဖွဲ့ အစည်းအဝေး စတင်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ထရမ့်သက်တမ်းသစ် ပထမအကြိမ် အစည်းအဝေးအတွက် သူ့ရဲ့အစိုးရအဖွဲ့အတွင်းဝန်တွေကို ခေါ်ယူပြီး အစောပိုင်း ထရမ့် အုပ်ချုပ်ရေး လုပ်ဆောင် မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း အစိုးရအဖွဲ့မှာ အတည်မပြုရသေးတဲ့ အမည်စာရင်း တင်သွင်း သူတွေလည်း ပါဝင်သလို ဖက်ဒရယ်ဗျူရိုကရေစီကို ပြန်လည်ပုံဖော်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အစိုးရဝန်ထမ်းတွေအကြား မတည်ငြိမ်မှုတွေနဲ့ အချင်းများမှုတွေကြောင့် ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အချို့နဲ့လည်း ဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ထရမ့်ရဲ့ အစီအစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်ဖို့ တစ်စိတ်တစ်ပိုင်းတင်မဟုတ်ပါဘူး အားလုံးကို ပြီးပြည့်စုံ အောင် အမြန်ဆုံးအကောင်အထည်ဖော်သွားမှာဖြစ်တာကြောင့် အားလုံး အတူတူ ဝိုင်းဝန်းကြိုးစားကြဖို့ အီလွန်မတ်စ်က တိုက်တွန်းပြောကြားထားပါတယ်။