ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ်တရားရုံးမှာ AI စနစ်တွေ လေ့ကျင့်ဖို့အတွက် ခိုးကူးစာအုပ်တွေ အသုံးပြုခဲ့ တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို Meta Platforms ရင်ဆိုင်နေရကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

နာမည်ကြီးစာရေးဆရာတွေ ပြောကြားချက်အရ Meta ဟာ ခိုးကူးမှုမြောက်မြားစွာပါရှိတဲ့ AI dataset LibGen ကို သိလျက်နဲ့ အသုံးပြုခဲ့ကြတယ်လို့ ပြောပါတယ်။ Llama ဘာသာစကားပုံစံကို လေ့ကျင့်ဖို့အတွက် စာရေးဆရာ တွေရဲ့ လက်ရာတွေကို အသုံးပြုဖို့အတွက် Meta က မူပိုင်ခွင့်ချိုးဖောက်တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ရိုက်တာရဲ့မေးမြန်းချက်ကို Meta က တုံ့ပြန်ပြောကြားထားတာတော့ မရှိပါဘူး။ စာရေးဆရာတွေက အထောက်အထားအသစ်တွေနဲ့ မွမ်းမံထားတဲ့ တိုင်ကြားချက်တစ်ခုကို တင်ပြဖို့ မူပိုင်ခွင့် စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ပယ်ချခံထားရတဲ့ အရေးဆိုမှုတွေကို ပြန်လည်အသက်သွင်းဖို့အတွက် အခုလို Meta Platforms ကို စွပ်စွဲပြောဆိုထားတာ ဖြစ်ပါတယ်။