လူတစ်ယောက်ဟာ AI နည်းပညာကို အသုံးပြုပြီး အာဆီယံခေါင်းဆောင်တစ်ယောက်ရဲ့ အသံဟန်ဆောင်ကာ သူ့ဆီကို အလှူခံခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဇန်နဝါရီလ ၁၅ ရက်က ပြောကြား လာတာကို The Nation Thailand သတင်းမှာ ရေးသားထားပါတယ်။
AI နည်းပညာကို အသုံးပြုပြီး ထိုင်းဝန်ကြီး ချုပ်ဆီကို ရန်ပုံငွေအတွက် အလှူခံတာဖြစ်ပါတယ်။အာဆီယံခေါင်းဆောင်တစ်ယောက်အဖြစ် အယောင်ဆောင်ထားတဲ့ လူတစ်ယောက်က လိမ်လည်လှည့်ဖြားတာ ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတွေကို AI စနစ်သုံးပြီး လိမ်လည်လှည့်ဖြားမှု မလုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးလိုက်တာဖြစ်ပါတယ်။လိမ်လည်သူဟာ ည ၁၁ နာရီအချိန်မှာ သူမကို ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်က အိပ်ရာထဲရောက်နေပြီဖြစ်တာကြောင့် ဖုန်းခေါ်တာကို မကိုင်မိခဲ့ဘူးလို့ ပြောပါတယ်။
နောက်တစ်နေ့ မနက်မှာ missed call တွေ့လို့ ကြည့်ရှုရာမှာ လိမ်လည်သူက သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ ပြန်လည်ခေါ်ဆိုပေးဖို့ တောင်းဆိုထားပြီး လှူဒါန်းမှုတစ်ခုအတွက် အသံဖိုင်တစ်ခုကိုလည်း ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။ဒီအသံမက်ဆေ့ချ်က သူမကို လိမ်လည်လှည့်ဖြားနေတယ်ဆိုတာကို သိရှိခဲ့ပြီးနောက် AI ကို လက်တွေ့ အသုံးချပြီး လိမ်လည်လှည့်ဖြားမှုတွေကို ပြည်သူတွေအနေနဲ့ အထူး သတိထားဖို့ ပြောကြားလာတာဖြစ်ပါတယ်။