အမေရိကန်သိပ္ပံပညာရှင် ဂျွန် ဟော့ဖီးနဲ့ ဗြိတိန်-ကနေဒါနိုင်ငံသား ဂျက်ဖရီ ဟင်တန်တို့ဟာ စက်မှုပိုင်းဆိုင်ရာ လေ့လာမှုနယ်ပယ်အတွက် အုတ်မြစ်ချပေးတဲ့ ရှာဖွေတွေ့ချက်နဲ့ တီထွင်မှုတွေအတွက် ၂၀၂၄ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း ဆုပေးရေးအဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဟင်တန်ဟာ AI ဉာဏ်ရည်တုရဲ့ ခေါင်ကိုင်ဖခင်တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။
သူ ရှေ့ဆောင်လမ်းပြ လုပ်ခဲ့တဲ့ ဉာဏ်ရည်တုနည်းပညာရဲ့ အန္တရာယ်တွေအကြောင်း ပိုမိုလွယ်ကူစွာ ပြောဆိုနိုင်အောင် မနှစ်က Google က အလုပ်ထွက်ခဲ့တာက ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားက ဟိုတယ်တစ်ခုကနေ ဖုန်းနဲ့လုပ်တဲ့ နိုဘယ်လ်ဆုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဟင်တန်က လူသားတွေထက် ဉာဏ်ရည် ပိုထက်မြက် တဲ့ အရာတွေ ရှိဖို့ဆိုတာမျိုး အရင်က အတွေ့အကြုံမရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။

အသက် ၉၁ နှစ်အရွယ် ပရင်စတန် တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ ဟော့ဖီးကတော့ ရုပ်ပုံတွေနဲ့တခြားပုံစံတွေကို ဒေတာတွေမှာ သိမ်းဆည်း နိုင်ပြီး ပြန်လည်တည်ဆောက်နိုင်တဲ့ ဆက်စပ်မှတ်ဉာဏ်တစ်ခုကို ဖန်တီးခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ တော်ဝင် ဆွီဒင် သိပ္ပံအကယ်ဒမီက ပြောပါတယ်။
ဆုပေးပွဲမှာ ဆုရရှိသူနှစ်ဦးဟာ ခွဲဝေယူရမယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ညီမျှတဲ့ ဆွီဒင် ခရောင်းငွေ ၁၁ သန်းနဲ့အတူ ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။