ပီရူးအာဏာပိုင်တွေဟာ ဘိုလီးဗီးယားကို ဦးတည်တဲ့ ပြဒါး ၄ တန်ခန့် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဘိုလီးဗီးယားဟာ တရားမဝင် ပြဒါးတွေ ကို ရွှေတူးဖော်ရာမှာ အသုံးပြုတယ်လို့ ယူဆရတာနဲ့ အဖိုးတန်သတ္တုဝယ်လိုအား မြင့်တက်လာတာကြောင့် အခုလို တင်ပို့မှု ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဒါဟာ မှောင်ခိုဈေးကွက်လှုပ်ရှားမှုရဲ့ နောက်ဆုံးလက္ခဏာဖြစ်တယ်လို့ ပီရူး အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း မက္ကဆိုနိုင်ငံက ကျောက်စရစ်ခဲတွေနဲ့ဖုံးပြီး တရားမဝင်ရွှေတူးဖော်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ပြဒါးကို ဘိုလီးဗီးယားနိုင်ငံထဲ တင်သွင်းလာတာကို အာဏာပိုင်တွေက ဖမ်းမိခဲ့ တယ်လို့ သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ကမ္ဘာ့ကုန်သွယ်ရေး မသေချာမရေရာမှုတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် ရွှေကို အထူးဆွဲဆောင်မှု ဖြစ်စေတာ ကြောင့် မကြာသေးမီလတွေအတွင်းက ရွှေဈေးတွေ မြင့်တက်လာချိန်မှာ အခုလို တင်ပို့မှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပီရူးအာဏာပိုင်တွေက ပြောပါတယ်။