ချီလီသမ္မတက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကြိုးပမ်းမှုတွေ အရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇွန်လ ၁ ရက်က ကတိပြုပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ အရှိန်မြှင့်တင်ထားတဲ့ ကာဗွန်ထုတ်လုပ်မှု လျှော့ချတဲ့ အစီအစဉ်ကို ဆက်လက် မိတ်ဆက်သွားမှာဖြစ်တယ်လို့ ချီလီသမ္မတက ပြောပါ တယ်။

ဒါ့အပြင် လာမယ့် ၂၀၄၀ ပြည့်နှစ်အတွင်းမှာ ကာဗွန်ထုတ်လုပ်မှုကို သုည ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ချီလီသမ္မတက ကတိပြု ပြောကြားထားပါတယ်။ဒါ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေနံနဲ့ကျောက်မီးတွေ လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံတိုးမြှင့်ဆောင်ရွက်ကာ အဘက်ဘက် ကနေ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ချီလီသမ္မတက ပြောပါတယ်။