တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းကိပ်ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံး သူဦးရေ ၇၈ ယောက်အထိ ရှိလာတယ်လို့ ကိပ်ပြည်နယ်ဝန်ကြီးက ဇွန်လ ၁၂ ရက်က ပြောကြားလာတာကို Reuters သတင်းမှာ ရေးသားဖော်ပြထားပါတယ်။အရှေ့ပိုင်းကိပ်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး သေဆုံးသူဦးရေက ထပ်တိုးလာနိုင်တယ်လို့ ကိပ်ပြည်နယ်ဝန်ကြီးက ပြောပါတယ်။

တောင်အာဖရိကရှိ ပြည်နယ်အချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားကွန်ရက် ပြတ်တောက်သွားတဲ့အပြင် ဆိုးရွားပြင်းထန်တဲ့ ရေလျှံကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လာခဲ့တာပါ။တောင်အာဖရိကနိုင်ငံဟာ အခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ပိုမို ခံစားလာရ တာကြောင့် နိုင်ငံတွင်းမှာ ရေကြီးရေလျှံတဲ့ဖြစ်စဉ်တွေ ပိုအဖြစ်များလာနေတာ ဖြစ်ပါတယ်။