ဆူဒန်စစ်တပ်ဟာ မြိုတော် ခါတွန်မှာရှိတဲ့ သမ္မတအိမ်တော်ကို ပြန်သိမ်းပိုက်နိုင်ဖို နီးစပ်လာပြီလို ဆူဒန်နိုင်ငံပိုင် ရုပ်သံသတင်းရဲ့ မတ်လ ၂၀ ရက်က ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလကစလို ဆူဒန်လက်နက်ကိုင်တပ်ဖွဲ(SAF)နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ(RSF)တိုအကြားမှာ ၂ နှစ်ကြာ စစ်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ပွဲစတင်ချိန်က RSF အဖွဲဟာ သမ္မတအိမ်တော်နဲ့ ဆူဒန်မြိုတော်ရဲ့ နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲတွေဟာ RSF ထိန်းချုပ်ထားတဲ့ သမ္မတအိမ်တော်ကို ရရှိဖို တိုက်ခိုက်မှု တွေ လုပ်နေပြီး ပြန်သိမ်းပိုက်နိုင်ဖို နီးစပ်လာနေပြီ ဖြစ်ပါတယ်။ မြိုတော်ခါတွန်အပါအဝင် ဆူဒန်အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ RSF အဖွဲဟာ အခုနှစ်အစောပိုင်းမှာ စင်ပြိုင်အစိုးရတစ်ရပ်ကို စတင်ဖွဲစည်းခဲ့ပါတယ်။SAF ကတော့ ဆူဒန်အရှေ့ပိုင်းကို ထိန်းချုပ်ထားတာဖြစ်ပြီး RSF လက်ထဲက မြိုတော် ခါတွန်ကိုသာ သိမ်းပိုက် နိုင်ရင် ဆူဒန်အလယ်ပိုင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်သလို အဖွဲနှစ်ခုရဲ့ နိုင်ငံ အရှေ့ခြမ်း အနောက်ခြမ်း ပိုင်နက်က လည်း ပိုကွဲပြားသွားမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဆက်လက်တိုက်ပွဲဝင်မယ်လို ကတိပြုထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကလည်း အကောင် အထည် ပေါ်လာတာ မရှိပါဘူး။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲနဲ့ RSF တိုအကြား စစ်ပွဲဟာ ဆူဒန်နိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေးကို ကူးပြောင်းဖို ပြင်ဆင်နေတဲ့ ကာလအတွင်း အာဏာအားပြိုင်မှုတွေကြောင့် စတင်ဖြစ်ပွားခဲ့တာပါ။ ဒီစစ်ပွဲကြောင့် ဆူဒန်မှာ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားခဲ့တယ်လို ကုလသမဂ္ဂက ပြောထားပြီး လူသန်း ၃၀ နီးပါး အကူအညီလိုအပ်နေသလို လူ ၁၄ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဆူဒန်လက်နက်ကိုင်တပ်ဖွဲနဲ့ RSF နှစ်ဖွဲစလုံးဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို စွပ်စွဲခံထားရသလို RSF ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပါ တရားစွဲဆို ခံထားရပါတယ်။