တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က မေလ ၁၆ ရက်မှာ ကောဇောနီခင်း ကြိုဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ဦး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး အမေရိကန်ကို ဆန့်ကျင်တဲ့ခေတ်သစ်လို့ လေ့လာသူတွေက ပြောဆိုတဲ့ ကြေညာချက်ဖြစ်ပြီး တရုတ်(ထိုင်ဝမ်)၊ ယူကရိန်းနဲ့ မြောက်ကိုရီးယားအထိ အရာအားလုံးအပေါ် သဘောထားအမြင်နဲ့ ပူးပေါင်းဆောင် ရွက်မှုအသစ်တွေ မျှဝေထားပါတယ်။
သမ္မတပူတင်ဟာ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ “ တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်” ဖွင့်ပွဲအခမ်းအနားနဲ့ တရုတ်-ရုရှား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားတွေကို တက် ရောက်ခဲ့ပါတယ်။ ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းမှုအတွက် ရှီကို တိုက်ရိုက်ကျေးဇူးတင်တယ်လို့ ပူတင်က ပြောဆိုခဲ့သလို နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်နဲ့ ရုရှားအကြား အမြဲတမ်းကောင်း မွန်တဲ့ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုဟာ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတယ်လို့ ရှီက ပြောဆိုခဲ့ပါတယ်။