ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီးဖြစ်တဲ့ The Icon of the Seas ဟာ အမေရိကန်ပြည်ထောင်စု မိုင်ယာမီမြို့ ကနေ ပထမဆုံး ပင်လယ်ခရီးစဉ်ကို စနေနေ့က စတင်လိုက်ပြီဖြစ်ပါတယ်။
ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမြင်ကွင်းမှာ ဇိမ်ခံသင်္ဘောကြီး ဆိပ်ကမ်းကနေ စတင်ထွက်ခွာချိန် မီးရှူးမီးပန်းအလှတွေ ပစ်ဖောက်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။
အဲဒီသင်္ဘောကြီးဟာ မိုင်ယာမီ ဆိပ်ကမ်းကနေ စတင်ထွက်ခွာပြီး ပင်လယ်ပြင်ခရီးစဉ်ရဲ့ အစပိုင်းမှာ ကာရစ်ဘီယံဒေသ အရှေ့ပိုင်းမှာ ၇ ရက်ကြာ လှည့်လည်မှာဖြစ်ပါတယ်။
အဲဒီဇိမ်ခံသင်္ဘောဟာ ခရီး သည်နဲ့ ဝန်ထမ်း ၁၀,၀၀၀ နီးပါးကို တင်ဆောင်နိုင်ပြီး ခန်းမနေရာပေါင်း ၂၀ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။