ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ချွေးတပ်ဆွဲခံရတဲ့ ကိုရီးယား အလုပ်သမားတွေအတွက် ဆောက်လုပ်ထားတဲ့အထိမ်းအမှတ်နေရာကို တနင်္လာနေ့ကစပြီး ဖယ်ရှားမှုတွေ လုပ်နေပါတယ်။ ဂွန်မာခရိုင်ထဲမှာရှိတဲ့ ပန်းခြံတစ်ခုထဲမှာ ထားရှိတဲ့ ကိုရီးယား ချွေးတပ်လုပ်သားတွေအတွက် အထိမ်းအမှတ်ကို ဖယ်ရှားမှုတွေ လုပ်နေတာဖြစ်ပါတယ်။ အဲဒီလိုဖယ်ရှားရှင်းလင်းမှုကို ဖေဖော်ဝါရီ ၁၁ ရက်အထိ လုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအထိမ်းအမှတ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်ဆွဲခံရပြီး အဓမ္မလုပ်အားပေးခိုင်းစေခံခဲ့ရတဲ့ ကိုရီးယား လူမျိုး အလုပ်သမားတွေ နဲ့ ဂွန်မာခရိုင်ထဲမှာ သေဆုံးသွားရတဲ့ ကိုရီးယား အလုပ်သမားတွေအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ အထိမ်းအမှတ်နေရာတွေပါ။
ဂျပန်အစိုးရကတော့ အဲဒီအထိမ်းအမှတ်တွေကို နေရာချ တည်ဆောက်ခဲ့တဲ့ အဖွဲ့ဟာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်တွေကို အဲဒီပန်းခြံလိုနေရာမှာ လုပ်ဖို့မသင့်ဘူးဆိုတဲ့ သတ်မှတ်ချက်ကို ချိုးဖောက်လုပ်ဆောင်ခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီနောက် အခုလို အဲဒီအထိမ်းအမှတ်တွေကို ဖယ်ရှားမှုတွေ လုပ်နေတာဖြစ်ပါတယ်။