ဂရိနိုင်ငံ ခရီတေးကျွန်းမှာ အသက် ၆၇ နှစ်အရွယ် ဂျာမန်ခရီးသွားတစ်ယောက် သေဆုံးရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်စစ်ဆေးနေပြီး ဇွန်လအတွင်း ပုံမှန်မဟုတ်ဘဲ ပူပြင်းတဲ့ကာလမှာ ခြောက်ကြိမ်မြောက် ခရီးသွား သေဆုံးမှု ဖြစ်ပါတယ်။
အဲဒီခရီးသွားဧည့်သည်ဟာ ဇွန် ၂၃ ရက်က တောင်ပိုင်း ဆော်ဂီအာ ဒေသမှာ ခရီးကြမ်းတစ်ခုကို တစ်ယောက်တည်း ထွက်ခွာခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ဇနီးသည်ကို ဖုန်းဆက်ကာ သူနေမကောင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဇွန် ၂၄ ရက် မနက်အစောပိုင်းမှာတော့ ထရီပီတီ တောင်ကြားမှာ အဲဒီအမျိုးသားရဲ့အလောင်းကို မီးသတ်တပ်ဖွဲ့နဲ့ ရဲတွေက တွေ့ရှိခဲ့ပါတယ်။
အလောင်းကို သေမှုသေခင်းအရာရှိ တစ်ယောက် လိုက်ပါပြီး ချန်နီအာက ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ခရီတေးကျွန်းမှာ နှစ်ယောက်နဲ့ ဂရိကျွန်းတွေ မှာ တခြား ခရီးသွားငါးယောက် သေဆုံးခဲ့ပြီး သုံးယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အခုလ အပူလှိုင်းကြောင့် အပူချိန်မြင့်မားနေပြီး ၄၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်နေတဲ့အတွက် အပူဒဏ်အန္တရာယ် ရှိနေတာပါ။
လေဆိပ်တွေနဲ့ ဟိုတယ်တွေလို ခရီးသွားတွေ မကြာခဏလာရောက်လေ့ရှိတဲ့နေရာတွေမှာ အပူဒဏ်ရင်ဆိုင်ရေး ကြိုတင် သတိပေးချက်တွေနဲ့ လမ်းညွှန်ချက်တွေ ထားရှိပေးရင် အသုံးဝင်မယ်လို့ ချန်နီအာက ခရီးသည်တွေက ပြောဆိုခဲ့ ပါတယ်။