ဟေတီနိုင်ငံမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကင်ညာရဲတပ်ဖွဲ့ဝင်တွေ ပထမဆုံးရောက်ရှိလာပြီးနောက် ဟေတီဝန်ကြီးချုပ် ဂါရီ ကော်နီလီက နိုင်ငံကိုပြန်လည်ထိန်းချုပ်သွားမယ်လို့ ဇွန်လ(၂၅)ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကတိပြုလိုက်ပါတယ်။
ကင်ညာမှာ လူသေဆုံးမှုရှိတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ရှိနေပေမယ့် ကာရေဘီယံ ကျွန်းနိုင်ငံလေးရဲ့ နှစ်ရှည်လများ စောင့်ကြိုနေခဲ့ရတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်စတင်ဖို့ ကင်ညာရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဟေတီကို ပထမဆုံးရောက်ရှိခဲ့တာပါ။