အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က ရာပစ်ဒန်း ဆည်ဟာ အချိန်မရွေး ကျိုးကျနိုင်တဲ့ အခြေအနေမှာ ရှိနေ တာကြောင့် ဒေသခံတွေကို ဖြစ်နိုင်ဖွယ်ရှိတဲ့ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဒေသန္တရ တာဝန်ရှိသူတွေက သတိ ပေးထားပါတယ်။
ကျိုးကျလုလုဖြစ်နေတဲ့ ဆည်ရဲ့ မြင်ကွင်းကို ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ အခုလို တွေ့ရပါတယ်။ အဲဒီဆည်ဟာ မင်နီယာပိုလစ္စမြို့ရဲ့ အနောက်တောင်ဘက် (၉၁)မိုင်ကျော် အကွာမှာ တည်ရှိတာပါ။
အဲဒီဆည်ထဲကို ဝင်တဲ့ ဘလူးအာ့(သ်)မြစ်ရဲ့ ရေအမှတ်ဟာ ရက်ဆက်သလိုမြင့်တက်လာလို့ မြစ်ကြောင်း တစ်လျှောက် အမှိုက်သရိုက်တွေ စုပုံလာတာမှာ အခုလို ဆည်ရဲ့ အဆောက်အအုံပိုင်း ထိခိုက်ပျက်စီးမဲ့ အခြေအနေမျိုးကို ရောက်ရှိလာနေတာပါ။
ဆည်တစ်ခုလုံး ကျိုးကျသွားမလား ဒါမှမဟုတ် လက်ရှိ အန္တရာယ်ရှိအခြေအနေအတိုင်း ဆက်ရှိမလား တပ်အပ်မပြောနိုင်သေးဘဲ ဆည်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေကို သတိပေးချက်တွေ ထုတ်ပြန်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။