စပိန်နိုင်ငံမြောက်ပိုင်းက ပေပေါင်း (၁၆၀၀)ကျော် ရှည်လျားနက်ရှိုင်းတဲ့ လိုဏ်ဂူ၀င်္ကပါထဲ နာရီပေါင်း (၄၀) ကြာ ပျောက်ဆုံးနေခဲ့တဲ့ စွန့်စားခရီးသွားလာသူ နှစ်ယောက်ကို တနင်္လာနေ့မှာ ကယ်ဆယ်ရေးသမားတွေက ပြန်ရှာတွေ့ထားပါတယ်။
အဲဒီပျောက်ဆုံးနေတဲ့ စွန့်စွားခရီးသွား စုံတွဲဟာ စပိန်နိုင်ငံအလယ်ပိုင်းက အတွေ့အကြုံရှိတဲ့ လိုဏ်ဂူတွင်း စွန့်စားခရီးသွားလာသူတွေဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သူတို့နှစ်ယောက်မှာ ပါလာတဲ့ လက်နှိပ်ဓာတ်မီး စတဲ့ အလင်းပြပေးမဲ့ ကိရိယာတွေ ပျောက်ဆုံး သွားတဲ့နောက် အမှောင်ထဲမှာ ဒီအတိုင်း သောင်တင်နေခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ယောက်ကို ဘီဘာအိုဒေသရဲ့ အနောက်ပိုင်း မိုင် (၃၀) အကွာ လိုဏ်အတွင်း တစ်နေရာမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ စပိန်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။