နေတိုးစာချုပ် အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ ဆွီဒင်ဟာ ဘောလ်တစ်ကျွန်း ဂေါ့လန်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဘောလ်တစ်စစ်ဆင်ရေး ၂၀၂၄ လေ့ကျင့်ခန်းအတွက် အမေရိကန် မရိန်းတပ်သားတွေနဲ့ ပိုလန်စစ်သားတွေကို အိမ်ရှင်အနေနဲ့ လက်ခံတာဝန်ယူပေးခဲ့ပါတယ်။
အခုနှစ်အတွက် ဇွန်လ ၂၀ ရက်မှာ ပြီးဆုံးခဲ့တဲ့ အဓိကအားဖြင့် ရေကြောင်းဆိုင်ရာကို အာရုံစိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဘောလ်တစ်ပင်လယ်အပြင် ဆွီဒင်၊ ပိုလန်၊ ဂျာမနီနဲ့ လစ်သူယေးနီးယားက ကုန်းမြေဧရိယာတွေမှာ ပြုလုပ်ခဲ့ပါတယ်။
ယေဘုယျအနေနဲ့ နေတိုးမဟာမိတ် နိုင်ငံ ၂၀ က လူအင်အား ၁၂၀၀၀ လောက်အပြင် သင်္ဘော ၅၀ နဲ့ လေယာဉ်ဒါဇင်ပေါင်းများစွာတို့ဟာ အမေရိကန်ရေတပ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပါတယ်။
ဆွီဒင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းကတည်း က ဘောလ်တစ်စစ်ဆင်ရေး လေ့ကျင့်မှုမှာ ပါဝင်ခဲ့ပေမယ့် အခုနှစ် မတ်လမှာ နေတိုးအဖွဲ့ဝင် တင်းပြည့်ဖြစ်လာ ပြီးနောက် အဖွဲ့ဝင်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် စစ်ရေးလေ့ကျင့်မှုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။