တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ အနောက်တောင်ဘက် မိနစ် ၉၀ လောက်ခရီးက ဟွာဆောင်း စက်မှုဇုန် မှာ လစ်သီယမ်ဘက်ထရီစက်ရုံတစ်ရုံ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး တရုတ်နိုင်ငံသားအများစုဖြစ်တဲ့ အလုပ်သမား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၄ ရက်က Aricell(အာရစ်ဆဲလ်)ကုမ္ပဏီရဲ့ ဘက်ထရီအလုံးရေ ၃၅၀၀၀ လောက် သိုလှောင်ထားတဲ့ ဂိုဒေါင်ထဲက ဘက်ထရီဆဲလ်တွေ ဆက်တိုက်ပေါက်ကွဲရာ က မနက် ၁၀ နာရီခွဲမှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အခင်းဖြစ်ပွားပြီးနောက် ခြောက်နာရီအကြာမှာ သမ္မတ ယွန်းဆော့ယိုးဟာ မီးငြှိမ်းသတ်ထားတဲ့ အဲဒီဘက်ထရီစက်ရုံကို သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။
သမ္မတဟာ အခြေအနေကို စောင့်ကြည့်နေပြီး ပြည်ထဲရေးဝန်ကြီးက ဒေသအရာရှိတွေကို ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ မညစ်ညမ်းအောင် အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ ပြောဆိုခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားရတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မီးသတ်အရာရှိ တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တရုတ်အလုပ်သမား ရှစ်ယောက်၊ တောင်ကိုရီးယားနိုင်ငံသား ၂ ယောက်နဲ့ လာအိုတစ်ယောက် ပါဝင်ပြီး ကျန်အလောင်းတွေကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။