မြန်မာနိုင်ငံက ခန့်မှန်းလူဦးရေ ၄၂ သန်းခန့်ဟာ ဆင်းရဲမွဲတေခြင်း ဒါမှမဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ နီးစပ် နေပြီး ဒါဟာ မြန်မာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိတယ်လို့ UNDP Myanmar က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါ တယ်။ ဒါ့အပြင် လူပေါင်း ၁၃ သန်းကျော်ကလည်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကတစ်ဆင့် ဖွံ့ဖြိုးရေးအကူအညီဟာ ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းမှာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်တွေကလည်း ရံပုံငွေမလုံလောက်ဘဲရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း UNDP အနေနဲ့ လာမယ့်၂၀၂၅ နှစ်ကုန်မှာ လူဦးရေ ၈ သန်းအထိ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ရည်မှန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။