ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ်ဟားဘက်ဟာ သူ့ရဲ့ တရုတ်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရှန်ဟိုင်းက BMW သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ဇွန် ၂၃ ရက်က သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ တရုတ် EV တွေ အခွန်စည်းကြပ်မှုကြောင့် ဘေဂျင်းနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ဟားဘက်က တရုတ်နိုင်ငံနဲ့ အခွန်စည်းကြပ်မှုဆိုင်ရာ ခိုင်မာတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်မယ်ဆိုတဲ့ ဥရောပ ကော်မရှင်နာမင်းကြီး ဗာလ်ဒိစ် ဒွမ်ဘရော့ဗ်စီရဲ့ သတင်းစကားကို ပါးခဲ့တယ်လို့ ပြောပါတယ်။
တရုတ်လျှပ်စစ် ကားတွေ ထုတ်လုပ်မှုကို တရုတ်အစိုးရက အလွန်အကျွံထောက်ပံ့ထားတယ်လို့ ဥရောပသမဂ္ဂက ယူဆပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားတွေ တင်သွင်းမှုအပေါ် ကြီးလေးတဲ့ အခွန်အခတွေ ကောက်ခံဖို့ ဥရောပ သမဂ္ဂက အဆိုပြုပြီးနောက်ပိုင်း ဟားဘက်ရဲ့ ခရီးစဉ်က အီးယူအဆင့်မြင့်အရာရှိတစ်ဦးအနေနဲ့ ပထမဆုံး ဖြစ်ပါတယ်။
နိုဝင်ဘာလအထိ အကောက်ခွန်ကိစ္စရပ်အတွက် အီးယူနဲ့တရုတ်တို့ကြား ဆွေးနွေးဖို့ အချိန်ရှိတယ်လို့ လည်း ဟားဘက်က ပြောဆိုခဲ့ပါတယ်။