အမေရိကန် Nvidia ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းနိုင်ငံငါးနိုင်ငံမှာ ကာတာတယ်လီကွန်းအုပ်စု Ooredoo ပိုင်ဆိုင်တဲ့ ဒေတာစင်တာတွေမှာ ဉာဏ်ရည်တုနည်းပညာ ဖြန့်ကြက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ Ooredoo ရဲ့ စီအီးအိုက ပြောပါတယ်။
Ooredoo ဟာ ကာတာ၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ အိုမန်၊ ကူဝိတ်နဲ့ မော်လ်ဒိုက်နိုင်ငံတွေက သူ့ရဲ့ ဒေတာစင်တာတွေမှာ သုံးစွဲသူတွေကို Nvidia ရဲ့ AI နဲ့ ဂရပ်ဖစ်လုပ်ဆောင်ခြင်း နည်းပညာတွေကို တိုက်ရိုက် ဝင်ရောက်ခွင့်ပေးတဲ့ ဒေသတွင်း ပထမဆုံးကုမ္ပဏီ ဖြစ်လာပါတယ်။ ဒေတာစင်တာ တွေမှာ ဘယ် Nvidia နည်းပညာ အမျိုးအစားကို ထည့်သွင်းမယ်ဆိုတာလည်း Ooredoo က အတိအကျ ထုတ် မပြောဘဲ ရရှိနိုင်မှုနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ဟာ အရှေ့ အလယ်ပိုင်းကို Nvidia နည်းပညာအချို့ တင်ပို့ခွင့်ပြုပေမယ့် ကုမ္ပဏီရဲ့ အဆန်းပြားဆုံး ချစ်ပ်တွေ တင်ပို့မှုကို တားမြစ်ထားပါတယ်။ Ooredoo ဟာ လက်ရှိ ၄၀ မဂ္ဂါဝပ်ရှိတဲ့ ဒေသတွင်း ဒေတာစင်တာ စွမ်းဆောင်ရည်ကို နောက်ထပ် ၂၀ ကနေ ၂၅ မဂ္ဂါဝပ် မြှင့်တင်ဖို့ ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ဆယ်စုနှစ်ကုန်မှာ ဒေတာစင်တာ စွမ်းဆောင်ရည်ကို သုံးဆနီးပါး တိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ (Nvidia = အန်ဗီဒီးယား)