တရုတ်နဲ့ ပြင်သစ်တို့ တီထွင်ထားတဲ့ ဂြိုဟ်တုတစ်လုံးကို ဇွန် ၂၂ ရက်က ပတ်လမ်းကြောင်းထဲ လွှတ်တင်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဂြိုဟ်တုဟာ အဝေးဆုံးကြယ်ပေါက်ကွဲမှုတွေကို လေ့လာဖို့အတွက် အားအကောင်းဆုံး ဂြိုဟ်တု ဖြစ်တယ်လို့ သိရပါတယ်။
စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ရှီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာကနေ တရုတ်ဒုံးပျံတစ်စီးနဲ့ လွှတ်တင်ခဲ့တာဖြစ်ပြီး ဂမ်မာရောင်ခြည်ပေါက်ကွဲမှုတွေ အပါအဝင် ဖြစ်စဉ်တွေကို လေ့လာဖို့ ဂြိုဟ်တုကို ပတ်လမ်းထဲ လွှင့်တင်ခဲ့တာလို့ CCTV က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။
အာကာသထဲက မူသေမဟုတ်တဲ့ အရာဝတ္ထုတွေကို လေ့လာတဲ့ ဂြိုဟ်တုဟာ နက္ခတ္တဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လိမ့်မယ်လို့ တရုတ်အာကာသအေဂျင်စီက ပြောဆိုခဲ့ပါတယ်။
တရုတ်နဲ့ ပြင်သစ်တို့ဟာ ၂၀၁၈ ခုနှစ်ကလည်း အဏ္ဏဝါဗေဒလေ့လာရေးဂြိုဟ်တုတစ်လုံးကို တီထွင်လွှတ်တင်ခဲ့ပါတယ်။ နှစ်နိုင်ငံပေါင်းပြီး နက္ခတ္တဗေဒဂြိုဟ်တု ဖန်တီးလွှတ်တင်တာတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။