အမေရိကအလယ်ပိုင်းက အယ်ဆာဗေဒိုနိုင်ငံရဲ့ ဆာလ်ဗေဒိုရန်ကမ်းရိုးတန်းမြို့ အက်ကာဂျူလာမှာ မိုးသည်း ထန်စွာ ရွာသွန်းပြီးတဲ့နောက် မြို့ရဲ့ကမ်းခြေပေါ်မှာ စွန့်ပစ်ပလတ်စတစ်တွေ တန်ချိန်များစွာ မျောတင်နေခဲ့ တာကို ဗုဒ္ဓဟူးနေ့က တွေ့ရပါတယ်။ မြို့ခံတွေက ကမ်းခြေပေါ်မျောတင်လာတဲ့ ပလတ်စတစ် အမှိုက်တွေကို လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း အယ်ဆာဗေဒိုနိုင်ငံမှာ မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ အနည်းဆုံး လူ(၁၁)ယောက် သေဆုံးမှု ရှိခဲ့ပါတယ်။
အခုကမ်းခြေမှာ မျောတင်လာတဲ့ အမှိုက်တွေဟာ မြို့မြောက်ပိုင်းက မြစ်တစ်မြစ် ရေလျှံတက်ရာကနေ ရေစီးနဲ့အတူ ကမ်းခြေဘက်ကို ရောက်ရှိလာခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် မက္ကဆီကိုတောင်ပိုင်းကနေ ပနားမား အနောက်ပိုင်းအထိ ဒေသတစ်ကြောမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အခုအပတ်ထဲမှာ မိုးပိုမို ရွာသွန်းသွားနိုင်ခြေရှိနေပြီး မက္ကဆီကို ပင်လယ်ကွေ့မှာ ဖြစ်လာမဲ့ မုန်တိုင်းတစ်လုံးကြောင့်လည်း မိုးရွာသွန်းမှု အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်ပညာရှင် တွေက သတိပေးထားပါတယ်။