ချီလီနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က မြစ်တစ်စင်းဟာ ဆိုးရွားတဲ့ မိုးခေါင်မှုဒဏ်ကို ခံခဲ့ရပြီး နောက် (၆)နှစ်အကြာ ကြာသပတေးနေ့မှာ မိုးရွာသွန်းမှုနဲ့အတူ မြစ်ရေပြန်စီးဆင်းလာတဲ့အတွက် ဒေသခံတွေ ဝမ်းသာလို့မဆုံး ရှိခဲ့ကြရပါတယ်။
ပက်တိုကာမြို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ မိုးခေါင်မှုဒဏ် ကြောင့် ခန်းခြောက်သွားတဲ့ မြစ်ထဲကို ရွှံ့နွံရောနှောနေတဲ့ ရေတွေ ပြန်စီးဆင်းလာတာကို ဒေသခံတွေက မြစ်ကမ်းဘေးကနေ ကြည့်ရှုရင်း ဆူညံစွာ အော်ဟစ်ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။
ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လူ(၁)ယောက် သေဆုံးပြီး လူနေအိမ် တွေကို ပျက်စီးခဲ့လို့ လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။