ဘိုလီးဗီးယားနိုင်ငံက ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ အယ်လ် အာလ်တိုမြို့မှာ လောင်စာဆီတွေကို ခိုးထုတ် ရောင်းစားမှုကို တားဆီးဖို့အတွက် ဆီဆိုင်တွေမှာ စစ်သားတွေကို လုံခြုံရေးချထားပါတယ်။ သောကြာနေ့က အယ်လ် အာလ်တိုမြို့က ဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်ဖို့ ထရပ်ကားတန်းရှည်ကြီးတစ်ခု စီတန်းစောင့်ဆိုင်း နေတာကိုလည်း တွေ့ရပါတယ်။ အခုအခေါက်မှာ ဆီဖြည့်ရဖို့ သုံးနာရီကြာ တန်းစီရကြောင်း မီဂူးလ် ကွန်ဒိုရီ ဆိုတဲ့ ထရပ်ကားယာဉ်မောင်းက ပြောပါတယ်။
ဘိုလီးဗီးယားသမ္မတ လူး၀စ္စ အားဆေ ကတော့ ရုရှားက ဘိုလီးဗီးယားကို လောင်စာရောင်းချပေးဖို့ ရုရှားသမ္မတ ပူတင်နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောထားပါတယ်။ မကြာသေးခင်က ဆီတန်းစီတဲ့ ယာဉ်တွေ ၊ ကုန်တင်ကားတွေကြောင့် လမ်းမကြီး တွေ ပိတ်ဆို့တဲ့ထိဖြစ်ခဲ့ရတဲ့ လောင်စာပြတ်လပ်မှုဟာ ဆီခိုးထုတ်ရောင်းစားသူတွေကြောင့်လို့ ဘိုလီးဗီးယား အစိုးရက စွပ်စွဲအပြစ်ဖို့ခဲ့ပါတယ်။