တောင်အာဖရိကမှာ ဒီမိုကရက်တစ်မဟာမိတ်(DA)ပါတီဟာ သီတင်းပတ်နှစ်ပတ်ကြာ စေ့စပ်ဆွေးနွေးပြီးနောက် အာဖရိကအမျိုးသားကွန်ဂရက် (ANC)နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက် ဖို့ သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ DA ပါတီခေါင်းဆောင် ဂျွန်စတင်းဟူဆန်က ဇွန် ၁၄ ရက်မှာ ပြောပါ တယ်။
ဆန့်ကျင်ဘက်ပါတီနှစ်ခုအကြား သဘောတူညီချက်ဟာ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ခဲ့တဲ့ ၁၉၉၄ ရွေးကောက်ပွဲမှာ နယ်လ်ဆင်မင်ဒဲလား ဦးဆောင်ခဲ့တဲ့ ANC ပါတီက အနိုင်ရပြီးနောက်ပိုင်း တောင်အာဖရိကမှာ အထင်ရှားဆုံး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပါတယ်။
ANC ဟာ မေလ ၂၉ ရက် ရွေးကောက်ပွဲမှာ ပထမဆုံး အကြိမ် မဲအများစု ဆုံးရှုံးခဲ့ပြီး ပါလီမန်အသစ် စတင်ကျင်းပနေချိန် သောကြာနေ့ မနက်အထိ တခြားပါတီတွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရရဲ့ သမ္မတလောင်းဟာ “အုပ်စုတွင်း အကြီးဆုံးပါတီက လာလိမ့်မယ်”လို့ ဂျွန်စတင်းဟူဆန်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ လူမှုရေး အရ ရှေးရိုးဆန်တဲ့ အင်ကာတာဖရီးဒမ်းပါတီနဲ့ လက်ယာမျိုးချစ်ပါတီငယ်နှစ်ခုတို့လည်း စည်းလုံးညီညွတ်ရေး အစိုးရမှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။