ဩစတြေးလျပါလီမန်က အသက်(၁၆)နှစ်အောက် ကလေးငယ်တွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို တားမြစ်ပိတ် ပင်တဲ့ ဥပဒေကို အတည်ပြုပေးလိုက်ပါတယ်။ ဒီအတွက် ဩစတြေးလျဟာ ကမ္ဘာမှာ ဆိုရှယ်မီဒီယာအသုံးပြုမှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေပြဋ္ဌာန်းတဲ့ နိုင်ငံဖြစ်လာမှာပါ။
နောက် (၁၂)အကြာမှ စတင်အကျိုးသက်ရောက်မဲ့ အဲဒီ တားမြစ်ပိတ်ပင်ချက်အရ နည်းပညာ ကုမ္ပဏီတွေအနေနဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ရင် အမေရိကန် ဒေါ်လာ (၃၂)သန်း ဒဏ်ငွေချမှတ်ခံမဲ့ အနေအထားမှာ ရှိနေပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ဩစတြေးလျ ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘားနိစ်က အခု ဥပဒေဟာ လူငယ်တွေကို အန္တရာယ်ရှိတဲ့ ဆိုရှယ်မီဒီယာတွေကနေ အကာ အကွယ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို ဝေဖန်သူတွေကတော့ အဲဒီတားမြစ်ပိတ်ပင်ချက်က ဘယ်လိုပုံစံနဲ့ အလုပ်ဖြစ်မလဲ ဆိုတာရယ်၊ လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေး သီးသန့်အချက်အလက်တွေနဲ့ လူမှုရေး ဆက်ဆံမှုတွေအပေါ် ဘယ်လို သက်ရောက် မှုတွေရှိမလဲ ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ အဲဒီဥပဒေကြမ်း ကို ဩစတြေးလျ ဆီးနိတ်က ထောက်ခံ (၃၄)မဲ ၊ ကန့်ကွက်မဲ(၁၉)မဲနဲ့ ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပြီး ဆီးနိတ်က အတည်ပြုပေးပို့လာတဲ့ အဲဒီဥပဒေ ကြမ်းကို အောက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပါတယ်။