ဩစတြေးလျကိုပိုမဲ့ မူးယစ်ဆေးဝါး မက်ထရစ်တန်(၁၄၀၀) တင်ဆောင်ထားတဲ့ ရေငုပ်သင်္ဘော ခြောက်စီးကို ကိုလံဘီယာ အာဏာပိုင်တွေက ဖမ်းမိထားပါတယ်။ နိုင်ငံပေါင်း (၆၀)ကျော် ပါဝင်ပြီး ကိုလံဘီယာနိုင်ငံက ဦးဆောင်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း ဖမ်းမိခဲ့တာလို့ ကိုလံဘီယာ အာဏာပိုင် တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဖမ်းမိတဲ့မူးယစ်ဆေးတွေဟာ ဆေးခြောက် အများစုဖြစ်ပြီး ကိုကင်း မက်ထရစ်တန် (၂၂၅)တန်လည်း ပါဝင်ပါ တယ်။ အဲဒီမူးယစ်ဆေးတွေ တင်ဆောင်တဲ့ ရေငုပ်သင်္ဘောတွေဟာ ကိုလံဘီယာကနေ ဩစတြေးလျကို ပင်လယ် ရေအောက် ရေကြောင်းသွားလာရေး လမ်းကြောင်းတွေအတိုင်း သွားလာနေစဉ် ပစိဖိတ်သမုဒ္ဒရာ ရေပြင်မှာပဲ ဖမ်းမိခဲ့တာပါ။
ပထမဆုံး ရေငုပ်သင်္ဘောကိုတော့ ကိုလံဘီယာ ရေပိုင်နက်တွင်းမှာ ဖမ်းမိခဲ့ပြီး အဲဒီဖမ်းဆီးရမိမှုနောက်ပိုင်းမှာ ဩစတြေးလျအာဏာပိုင်တွေနဲ့ ဆက်သွယ်ပူးပေါင်းပြီးတော့ နောက်ထပ် ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့တာလို့ ကိုလံဘီယာ အာဏာပိုင်တွေက ပြောပါတယ်။
မူးယစ်ဆေးမှောင်ခိုတင်သွင်းသူတွေက ရေငုပ်သင်္ဘောကို အခုမှ စသုံးတာမဟုတ်ဘဲ ၁၉၉၀ ပြည့်နှစ်တွေကစပြီး ရေငုပ်သင်္ဘောတွေနဲ့ မူးယစ်ဆေး မှောင်ခိုတင်သွင်းမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ အခု နိုင်ငံတကာ မူးယစ် ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးအတွင်း ဖမ်းမိတဲ့ ကိုကင်း တန်ချိန် (၂၂၅)တန်ဟာ ဖမ်းမိသမျှတွေထဲမှာ ပမာဏ အကြီးမားဆုံး ဖြစ်ပါတယ်။