အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာပြီး နာရီပိုင်းအကြာမှာ စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ မိသားစုတွေဟာ ဘေရွတ်မြို့ဆီကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်က အိမ်ပြန်လာသူတချို့ဟာ ဟစ်ဇ်ဘိုလာအလံတွေ ဝှေ့ယမ်းကြပြီး တချို့က သေဆုံးသွားတဲ့ ဟစ်ဇ်ဘိုလာ ခေါင်း ဆောင်ဟောင်း နာဆရာလာရဲ့ပုံတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။
အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ် ထားတဲ့ ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးမှာ အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေဟာ လက်ဘနွန်တောင်ပိုင်းက တဖြည်းဖြည်း ဆုတ်ခွာသွားတာကို မြင် တွေ့ရမှာပါ။ အဲဒီနေရာမှာ တည်ရှိနေပြီးသား လက်ဘနွန်စစ်တပ်က နောက်ထပ် စစ်သား ၅၀၀၀ တပ်ဖြန့်ရမှာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟစ်ဇဘိုလာ နှစ်ဖက်စလုံးက ဘယ်လိုချိုးဖောက်မှုတွေကိုမဆို တုံ့ပြန်ဖို့အသင့်ရှိတယ်လို့ ပြောပါတယ်။
စက်တင်ဘာလမှာ ကျယ်ပြန့်တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေ၊ ဟစ်ဇဘိုလာ ထိပ်တန်းအရာရှိတွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မြေပြင်ကျူးကျော်မှုတွေ လုပ်ဆောင်ခဲ့တာနဲ့အတူ တစ်နှစ်ကျော်ကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ အခုအပစ်ရပ်စဲရေးရဲ့ အဓိကမျှော်လင့်ချက် ဖြစ်ပါတယ်။ အစ္စရေးဟာ မြောက်ပိုင်းအသိုက်အဝန်းကို တိုက်ခိုက်နေတဲ့ ဟစ်ဇဘိုလာကို တိုက်ခိုက်မှုရပ်စဲပြီး နယ်စပ်ကဝေးရာ ရွှေ့ပြောင်သွားဖို့ ရည်မှန်းစစ်ဆင်ခဲ့တာလို့ သိရပါတယ်။