တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်က ရွှေလုပ်ကွက်တစ်ခုမှာ ရွှေတန်ချိန် (၁၀၀၀)ကျော်ရှိတဲ့ ရွှေကြောကြီး တစ်ခုကို တွေ့ရှိထားပါတယ်။ အဲဒီရွှေကြောဟာ ပင်ကျန်းခရိုင် ဝန်ဂူရွှေလုပ်ကွက်ရဲ့အောက် မီတာ(၂၀၀၀) အတွင်းမှာ တွေ့ရှိထားတာလို့ ဟူနန်ပြည်နယ် ဘူမိလေ့လာရေးအသင်းက ပြောပါတယ်။ အဲဒီနေရာမှာ နောက် ထပ် ရွှေကြောပေါင်း (၄၀)လောက်လည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ တွေ့ရှိထားတဲ့ ရွှေကြောရဲ့ ကာလတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ကျော် တန်ဖိုးရှိတယ်လို့လည်း တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ သိန်းကျော်တင်ပို့ခဲ့
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သိန်း ၃ သောင်းကျော်တင်ပို့ခဲ့တယ်လို့ မြန်မာ...
ပိုမိုဖတ်ရှုရန်