လက်ဘနွန်မှာ အပစ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့အဆိုကို အစ္စရေးအစိုးရအဖွဲ့အတွင်း အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေ ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နီးစပ်သူတစ်ဦးက အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု က လက်ဘနွန်မှာ အပစ်ရပ်ရေးကို မူအားဖြင့် သဘောတူထားတယ်လို့ ပြောဆိုပြီးနောက် နေတန်ညာဟုရဲ့ ပြောရေးဆိုခွင့်ရှိသူက CNN ကို အခုလို ပြောဆိုလာခဲ့တာပါ။
နေတန်ညာဟုက ဟစ်ဇဘိုလာအဖွဲ့နဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အပစ်ရပ်စဲရေး ကို အတည်ပြုပေးမယ်ဆိုပြီး တနင်္ဂ နွေနေ့ ညပိုင်းက အစ္စရေးအရာရှိတွေနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု တွေအတွင်းမှာ အချက်ပြသွားခဲ့ တာပါ။ လက်ဘနွန်မှာ အပစ်ရပ်စဲရေး စေ့စပ်ညှိုနှိုင်းမှုတွေအကြောင်းကို သိရှိထားတဲ့ သတင်းရင်းမြစ်တွေက ဆွေးနွေးမှုတွေဟာ သဘောတူညီချက်တစ်ခု ရရှိဖို့အထိ အပြုသဘောဆောင် တိုးတက်ရွေ့လျားနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြဆဲဖြစ်လို့ အမှား တစ်ချက်က ဆွေးနွေးမှုတစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်ကြောင်းလည်း အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။