နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအာ့(ဗ်) ဂေါ်လန်နဲ့ ဟားမာ့စ် ထိပ်တန်း တပ်မှူးတစ်ယောက်တို့ကို ဖမ်း၀ရမ်း အသီးသီး ထုတ် ပြန်လိုက်ပါတယ်။ အဲဒီလူတွေကို အောက်တိုဘာ(၇)ရက် အကြမ်းဖက်တိုက်ခိုက်မှုအတွင်းနဲ့ နောက်ပိုင်း ကာလတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေအတွက် အခုလို ဖမ်း၀ရမ်း ထုတ်ပြန်လိုက်တာပါ။
ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီ၀ရမ်းမှာ နေတန်ညာဟုဟာ အငတ်ဘေးကို စစ်ပွဲလက်နက်အဖြစ် အသုံးပြုမှု အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို သတ်ဖြတ်မှု၊ ညဉ်းပန်းနှိပ်စက်မှုနဲ့ တခြား ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်လို့ ယူဆဖို့ ကြောင်းကျိုးဆီလျော်တဲ့ အချက်အလက်တွေ တွေ့ရှိထားကြောင်း ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ၀ရမ်းဟာ သမိုင်းတွင်တဲ့ ပထမဆုံး ၀ရမ်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုဟာ နိုင်ငံတကာတရားရုံးက ဆင့်ခေါ်ခံရတဲ့ ပထမဆုံး အစ္စရေးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ (ICC)ရဲ့ ၀ရမ်းဟာ ဖမ်းဆီးအရေးယူမှု အထမြောက်ဖို့ အာမ မခံနိုင်ပေမဲ့ (ICC) အဖွဲ့ဝင်နိုင်ငံ တွေဆီ နေတန်ညာဟုရဲ့ ခရီးသွား လာမှုကို အကန့်အသတ်ဖြစ်စေနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။