လာအိုနိုင်ငံမှာ အရက်တုကြောင့် လူအများအပြား အဆိပ်သင့်မှုဖြစ်စဉ်အတွင်း ငါးယောက်မြောက် နိုင်ငံခြားသား သေဆုံးမှုအဖြစ် ဗြိတိန် အမျိုးသမီးတစ်ယောက် ကြာသပတေးနေ့က ထပ်မံသေဆုံးသွားပါတယ်။ သေဆုံးသူ နိုင်ငံခြားသားတွေထဲမှာ ဩစတြေးလျတစ်ယောက်၊ အမေရိကန်တစ်ယောက်နဲ့ ဒိန်းမတ်နှစ်ယောက်လည်း ပါဝင် ခဲ့ပါတယ်။
အဲဒီအရက်တုကြောင့် အဆိပ်သင့်မှုဟာ လာအိုရဲ့ ထင်ရှားတဲ့ ခရီးသွားအပန်းဖြေနေရာ ဗန်ဗီယန်းမှာ ဖြစ်ပွားတာ ပါ။ နောက်ထပ် ဩစတြေးလျ ဆယ်ကျော်သက်အရွယ် တစ်ယောက်လည်း အရက်တု အဆိပ်သင့်မှုကြောင့် ဆေးရုံတင်ထားရပြီး အသက်လုပ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
ဗြိတိန်အာဏာပိုင်တွေကလည်း လာအိုမှာ ဗြိတိန်အမျိုးသမီးတစ်ယောက် သေဆုံးမှုကို အတည်ပြုထားပြီး ကျန်တဲ့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေကလည်း အသီးသီး အတည်ပြုထားကြပါတယ်။ ဒါပေမဲ့ လာအို အာဏာပိုင်တွေ ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။