ယူကရိန်းနိုင်ငံက အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်းက လက်နက် တိုက်တစ်ခုကို အင်္ဂါနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ အမေရိကန်လုပ် တာဝေးပစ် လက်နက်တွေ သုံးလာရင် တုံ့ပြန်မယ်လို့ ရုရှားက သတိပေးပြီး တစ်ရက်အကြာမှာပဲ ယူကရိန်းဘက် က အခုလို ပစ်ခတ်တိုက်ခိုက်လာခဲ့တာပါ။
သမ္မတဘိုင်ဒန်က အဲဒီလို လက်နက်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခွင့် ပေးဖို့ မီးစိမ်းပြပြီး နှစ်ရက်အကြာမှာ ပေါ် ပေါက်လာတာလည်း ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဟာ ဘရိုင်ယန့်စ် ဒေသက အဆောက်အအုံတစ်ခုကို တိုက်ချင်းပစ်ဒုံးကျည် (၆)စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အဲဒီတိုက် ခိုက်မှုမှာ ATACMS ဒုံးကျည်တွေ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အင်္ဂါနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ယူကရိန်း သမ္မတ ဇာလန်စကီးက အဲဒီတိုက်ခိုက်မှုကို အတည် ပြုပေးဖို့ ငြင်းဆိုထားပြီး ယူကရိန်းမှာ နက်ပကျွန်းလို ခရုဇ်ဒုံးကျည်တွေ၊ တာဝေးပစ်ခတ်နိုင်တဲ့ စွမ်းဆောင်ရည် တွေ ပိုင်ဆိုင်ထားကြောင်း၊ ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ တာဝေးသွား ဒရုန်းလက်နက်တွေ ရှိထားကြောင်းနဲ့ ATACMS လည်း ပိုင်ဆိုင်ထားပြီး ဒါတွေအားလုံးကို အသုံးချသွားမှာဖြစ်တဲ့အကြောင်း ယူကရိန်း သမ္မတ ဇာလန်စကီးက ပြောဆိုသွားခဲ့ပါတယ်။