နိုင်ငံတကာ ကလေးသူငယ်များဆိုင်ရာ ငြိမ်းချမ်းရေးဆုကို အများပြည်သူဆိုင်ရာနေရာတွေမှာ မိန်းကလေးတွေကို စကားပြောဆိုခွင့် တားဆီးပိတ်ပင်တဲ့ အာဖဂန်နိုင်ငံက အသက်(၁၇)နှစ်အရွယ် မိန်းကလေးက ရရှိသွားပါတယ်။ နီလာ အီဘရာဟီမီ ဟာ အာဖဂန် မိန်းကလေးတွေရဲ့ အခွင့်အရေးကို အရေးဆိုလှုပ်ရှားမှုတွေအတွက် အခုလို ထင်ရှားတဲ့ နိုင်ငံတကာဆုကို အင်္ဂါနေ့က ချီးမြှင့်ခံရတာပါ။
ဒီဆုကို အရင်က ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဂရီတာ သမ်ဘာ့ခ်နဲ့ မိန်းကလေးများ ပညာရေးဆိုင်ရာ လှုပ်ရှားသူ မာလာလာ ယူဆွတ်ဖိုင်တို့လည်း ချီးမြှင့်ခံရဖူးပါတယ်။ အီဘရာဟီမီဟာ တာလီဘန်တွေရဲ့ ဖိနှိပ် အုပ်ချုပ်မှုအောက်က မိန်းကလေးတွေရဲ့ အခွင့်အရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင်လှုပ်ရှားခဲ့တဲ့ သူ့ရဲ့လုပ်ဆောင် ချက်ကြောင့် အဲဒီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။
အီဘရာဟီမီဟာ တာလီဘန်တွေ အာဏာပြန်မရခင်လေးမှာ အများပြည်သူမြင်ကွင်းမှာ ကျောင်းနေ မိန်းကလေး တွေ သီချင်းဆိုခွင့် တားမြစ်ချက်ကို ပယ်ဖျက်ဖို့ ကဘူးလ် ပညာရေး အာဏာပိုင်တွေကို ဖိအားပေးတဲ့အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သူကိုယ်တိုင် သီဆိုအသံသွင်းထားတဲ့ I am My Song ဗီဒီယိုကို ရိုက်ကူးပြီး လွှင့်တင်ခဲ့ပါ တယ်။ အဲဒီနောက် အများရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပြီး အဲဒီသီချင်း ထွက်ပေါ်လာပြီး သီတင်းပတ် အနည်းငယ် အကြာမှာ ကဘူးလ်အာဏာပိုင်တွေက ကျောင်းနေအရွယ် မိန်းကလေးတွေ အများပြည်သူကြား သီချင်းဆိုခွင့် တားမြစ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။