ဂါဇာတောင်ပိုင်း နယ်စပ်မှာ အကူအညီပေးရေး ယာဉ်အစီးပေါင်း(၁၀၀)နီးပါးဟာ ပြီးခဲ့တဲ့ စနေနေ့က လုယက် ခံရပါတယ်။
အဲဒီယာဉ် တွေဟာ UNRWA နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့အတွက် စားနပ်ရိက္ခာတွေကို ကီရင်းမ် ရှလုမ်း နယ်စပ် ဂိတ်ကနေ သယ်ဆောင်လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ တယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များ အကူအညီပေးရေးအေဂျင်စီ(UNRWA)က ပြောပါတယ်။
ယာဉ်မောင်းတွေဟာလည်း ကားပေါ်က ရိက္ခာတွေကို အောက်ချဖို့ သေနတ်ထောက် ခိုင်းစေခံခဲ့ရပြီး အကူအညီပေးရေး လုပ်သားတွေ ဒဏ်ရာရရှိခဲ့သလို ယာဉ်တွေလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ လုယက် သူတွေကို အေဂျင်စီဘက်က အမည်တပ်ပြောဆိုတာမျိုး မရှိပေမဲ့ တရားဥပဒေစိုးမိုးရေး ကျဆုံးနေပြီး အန္တရာယ်များ တဲ့ အခြေအနေတွေကို ဖြစ်စေတဲ့ အစ္စရေးအာဏာပိုင်တွေရဲ့ ချဉ်းကပ်ဆောင်ရွက်ပုံတွေကို အပြစ်တင်ပြောဆို သွားခဲ့ပါတယ်။
ဂါဇာထဲကို အကူအညီတွေပေးပို့ရာမှာ စိန်ခေါ်မှုတွေ တိုးတက်များပြားလာနေပြီး ကုန်ကားတွေ ဟာ တချို့နေရာတွေမှာ ခဏခဏ ရပ်တန့်တာဆီးခံရတာတွေ၊ လုယက်ခံနေရတာတွေအပြင် တိုက်ခိုက်ခံရမှုတွေ လည်း တိုးပြီး ကြုံတွေ့လာနေရတယ်လို့ ပြောပါတယ်။