ဩစတြေးလျဝါရင့် ရုပ်သံအစီအစဉ်တင်ဆက်သူ အယ်လန် ဂျုံးစ်ဟာ အမျိုးသား(၈)ယောက်ကို ဆယ်စုနှစ် နှစ်ခုအတွင်း လိင်ပိုင်းအလွဲသုံးစားပြုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
အသက် (၈၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျုံးစ်ကို သူနေထိုင်ရာ ဆစ်ဒနီမြို့က နေအိမ်မှာ ရဲတွေက တနင်္လာနေ့ မနက်ခင်းမှာ ဖမ်းဆီးခဲ့ပြီး သူရဲ့ နေအိမ်ကို လည်း စုံထောက်တွေက ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။
ဂျုံးစ်ဟာ (၂၀၀၁)ခုနှစ်နဲ့ (၂၀၁၉)ခုနှစ် အတောအတွင်း ပြစ်မှုပေါင်း (၂၄)မှု ကျူးလွန်မှု စွဲချက်နဲ့ စွဲချက်တင်ခံထားရပါတယ်။
ဂျုံးစ်ဟာ ဩစတြေးလျရဲ့နာမည်ကြီး သတင်းအစီအစဉ် တင်ဆက်သူဖြစ်ပြီး အဲဒီလိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူ့ကို အာမခံပေးထားပြီး လာမဲ့ ဒီဇင်ဘာ(၁၈)ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အခုအမှုနဲ့ ဆက်နွှယ်တဲ့ နစ်နာသူတွေလည်း ထပ်မံပေါ်ပေါက်လာဦးမယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။