ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ(၁)ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့ကာ အိမ်ခြေ(၄၀၀၀)ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကြာသပ တေးနေ့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အဲဒီသဘာ၀ဘေးဖြစ်စဉ်ကို အဆိုးဆုံးခံစားရတဲ့ နေရာတွေဟာ မော်လဲ ၊ နျူဘီယာ ၊ ဘီယို ဘီယို နဲ့ အာရူအာကန်နီယာ စတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။ ရေဘေးသင့်တဲ့ ဒေသတွေက ပြည်သူတွေဟာ ရေပြန်ကျသွားချိန်မှာ နေအိမ်တွေထဲ တင်ကျန်ခဲ့တဲ့ ရွှံ့နွှံတွေကို ရှင်းလင်းမှုတွေ လုပ်နေကြပါတယ်။
ဒေသခံ သက်ကြီးရွယ်အိုတွေက သူ့ဘ၀တစ်လျှောက်မှာ အခုလို ရေကြီးမှုကို တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ ဗင်နာ ဒဲလ် မာ မြို့မှာလည်း မိုးသည်းထန်မှုကြောင့် မြေကြီးကျွံကျမှုတွေဖြစ်ပေါ်ခဲ့တဲ့နောက် ကမ်းခြေနဲ့အနီးဆုံးနေရာက လူနေတိုက် (၃) လုံးမှာ နေထိုင်သူတွေကို တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။