မွတ်ဆလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ အကြီးဆုံးပွဲတော်ဖြစ်တဲ့ ဒါရ်ဂါပူဂျာပွဲတော်ကို တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာရာထူးကပြုတ်ကျထွက်ပြေးသွားခဲ့ရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘာသာဝင်လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေရဲ့ လောင်းရိပ်အောက်မှာ ဒါရ်ဂါပူဂျာပွဲတော်ကြီးကို ကျင်းပခဲ့ကြရတာလည်းဖြစ်ပါတယ်။
ပွဲတော်အတွင်း အသံချဲ့စက်ကလာတဲ့ ဆူညံကျယ်လောင်တဲ့သီချင်းသံတွေအောက်မှာ အကနဲ့တင်ဆက်ဖျော်ဖြေမှုတွေလည်းပါဝင်ခဲ့ပြီး ဝတ်ပြုဆုတောင်းမှုတွေနဲ့အတူ စားသောက်ပွဲတွေကို ဆင်ယင်ကျင်းပခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပိုမိုကောင်းမွန်ပြီး လူအများချစ်ကြည်ရင်းနှီးစွာ စုစည်းနေထိုင်တဲ့နိုင်ငံဖြစ်စေဖို့ ဆုမွန်ကောင်းတောင်းခဲ့ကြောင်း ပွဲတော်လာပရိသတ်တွေကပြောကြပါတယ်။
အခုနှစ် ဒါရ်ဂါပူဂျာပွဲတော်မှာ ထူးခြားတာက အရောင်အသွေးစုံစုံကို အသုံးပြုခြယ်သဆင်ယင်ပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ ခိုင်မာတဲ့ယုံကြည်မှုကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။